မျက်စိခြောက်ခြင်း
ဆေးခန်းမှာအတွေ့ရများနေလို့ မျက်စိခြောက်ခြင်းနှင့်ပတ်သက်ပြီး
အနည်းအကျဉ်းလေးပြောပြချင်ပါတယ်။
မျက်စိခြောက်ခြင်းဆိုတာ မျက်ကြည်လွှာနဲ့မျက်သားတွေမှာအစိုဓာတ်
နည်းသွားတာပါ။
😓 လက္ခဏာများ
😓
👉 မျက်စိပူခြင်း ၊ စပ်ခြင်း ၊ ယားခြင်း ၊ နီခြင်း ၊ ညောင်းခြင်း ၊ခိုးလို့ခုလုဖြစ်ခြင်း ၊ မျက်ဝတ်ကပ်နေသလိုခံစားရခြင်း ၊ အလင်းစူးမခံနိုင်ခြင်း နှင့် မျက်ရည်ပူကျခြင်း တို့သည် မျက်စိခြောက်
ခြင်း၏ လက္ခဏာများ ဖြစ်သည်။
🤹အဖြစ်များသောအကြောင်းအရင်းများ
🤹
=> ကွန်ပြူတာ, Phone screen ကြာရှည်စွာကြည့်ခြင်း
=> ခြောက်သွေ့သောရာသီဥတု နှင့် လေအေးပေးစက် လေနှင့် မျက်လုံးတိုက်ရိုက်ထိတွေ့ခြင်း
=> မျက်ကပ်မှန်တပ်ခြင်း
=> အသက်အရွယ်ကြီးရင်မှု
=> ဆီးချို ၊ အဆစ်အမြစ် နှင့် အခြားသော ရောဂါများ ကြောင့်
မျက်စိခြောက်ခြင်းဖြစ်စေနိုင်သည်။
✅လိုက်နာသင့်သောအချက်များ
✅
👉 အပြင်ထွက်လျှင်နေကာမျက်မှန် (သို့မဟုတ်) ပါဝါမျက်မှန်တပ်ခြင်း
👉 အာဟာရမျှတအောင်စားသောက်ခြင်း (omega-3, ဗီတာမင် – A, D3, E)
👉 ရေကိုတရက် ၈-၁၀ ခွက်သောက်ပေးခြင်း
👉 (စိုထိုင်းမှုထိန်းစက်) ရေငွေ့လွှတ်စက်ထားရှိခြင်း
👉 မျက်ရည်တုသုံးခြင်း
👉 20-20-20 rule ကျင့်သုံးခြင်း (phone, computer, tv screen ကို
မိနစ် ၂၀ ကြည့်ပြီးတိုင်း အဝေးပေ ၂၀ ခန့်ကိုစက္ကန့် ၂၀ ကြာကြည့်ပေး
ခြင်းနှင့်
👉 မျက်တောင်မကြာခဏခပ်ပေးခြင်း တို့ကိုလိုက်နာသင့်သည်။
🚫 ရှောင်ရန်အချက်များ
🚫
👉 မလိုအပ်ပဲမျက်ကပ်မှန်ကြာရှည်စွာတပ်ခြင်း
👉 ကွန်ပြူတာ, Phone screen များအချိန်ကြာကြာကြည့်ခြင်း
👉 ခြောက်သွေ့သောရာသီဥတု၊ (air cond) လေအေးပေးစက် လေနှင့် မျက်လုံးတိုက်ရိုက်ထိတွေ့ခြင်း
👉 မျက်စိဝေဒနာ တခုခုဖြစ်လာလျှင် ပေါ့ဆခြင်း နှင့်
👉 ဆေးလိပ်သောက်ခြင်း တို့ကိုရှောင်ကြဉ်ပါ။
❤️ ကုသနည်းများ
❤️
👉 အကြောင်းအရင်းပေါ်မူတည်ပြီးကုသရသဖြင့်ဆရာဝန်နှင့်ပြသတိုင်ပင်ကာ ဆောင်ရန်၊
ရှောင်ရန်တို့ကိုလိုက်နာသင့်သည်။
Ps: လိုအပ်တဲ့အချက်လေးတွေရှိ၇င်လည်းဖြည့်ပေးကြပါနော်
၈၃လမ်း၊၃၄လမ်းထောင့်၊မန္တလေးမြို့။
အလှသစ်မျက်စိဆေးခန်းနှင့်မျက်မှန်ဆိုင်။
၀၉-၂၅၉ ၃၆၃ ၀၆၀ သို့ဆက်သွယ်ပြီး ကြိုတင် Booking လုပ်ထားနိုင်ပါပြီ။
