ဆီးချိုရောဂါကမျက်စိကိုထိခိုက်စေနိုင်လား???
အပိုင်း ၂။ အတွင်းတိမ်ဖြစ်ခြင်း
မျက်စိအတွင်းမှန်ဘီလူးက သင့်ကိုအရာဝတ္ထုတွေမြင်နိုင်အောင်
ဆုံချက်ကျအောင်ပြုလုပ်ပေးပါတယ်။
အတွင်းတိမ်ကတော့ကြည်လင်နေတဲ့မှန်ဘီလူးနှောက်လာတာကို
ပြောတာပါ။
အတွင်းတိမ်ကလူတိုင်းမှာဖြစ်နိုင်ပေမယ့် ဆီးချိုရောဂါရှိတဲ့သူတွေမှာ
ဖြစ်တာပိုစောပြီး တိမ်ရင့်လာတာလည်းမြန်ပါတယ်။
မှန်ဘီလူးကမကြည်တော့ဘူးဆိုရင် သူ့ရဲ့စွမ်းဆောင်ရည်ကျပြီး
ကြည်ကြည်လင်လင်မမြင်ရတော့ပါဘူး။
အတွင်းတိမ်လက္ခဏာကတော့အမြင်ဝါးခြင်း၊အလင်းစူးခြင်းစတာ
တွေဖြစ်လာတတ်ပါတယ်။
အတွင်းတိမ်ဖြစ်လာရင်တော့ခွဲစိတ်ပြီးမှန်ဘီလူးအစားထိုးလဲလှယ်
ပေးရပါတယ်။