သင့်မျက်လုံးထဲသို့ မျက်စဉ်းအဆီနှင့်gelများကို စနစ်တကျ ဘယ်လိုခပ်မလဲ။
၁။မျက်စဉ်းမခတ်မီ သင့်လက်နှစ်ဖက်ကို ဆပ်ပြာနှင့်စင်ကြယ်
အောင်ဆေးကြောပါ။
၂။မျက်စဉ်းခတ်နေစဉ် မျက်စဉ်းဘူးထိပ်ကို မျက်လုံးနှင့်ထိခြင်းမှ
ရှောင် ကြဉ်ပါ။
၃။မျက်စဉ်းအဆီတောင့်ကို လက်မနှင့်လက်ညိုးကြားထဲတွင်
ကိုင်ထား ပြီး တတ်နိုင်သလောက်မျက်ခွံကိုမထိဘဲ မျက်ခွံနှင့်အနီးဆုံးနေရာမှ မျက်စဉ်းခတ်ပါ။
၎။သင့်အောက်ဘက်မျက်ခွံကို အိတ်ပုံစံဖြစ်လာစေရန် လက်ခလယ် နှင့်အောက်ဘက်သို့ ဆွဲထားပါ။
၅။အိတ်ပုံစံမျက်ခွံအတွင်းသို့ မျက်စဉ်းအဆီ(သို့)gel ကိုညစ်ထည့်ပါ။ ၆။ထို့နောက်ဖြေးဖြေးချင်းမျက်တောင်ခတ်ပေးပါ။ သင့်မျက်လုံးကို တစ်မိနစ်၊နှစ်မိနစ်ခန့်ကြာ မှိတ်ထားပေးပါ။
၇။မျက်တောင်မွှေးနှင့်မျက်ခမ်းစပ်ရှိ အဆီနှင့်gelများကိုတစ်ရှူးနှင့်သုတ်ပါ။အခြားသန့်စင်သောတစ်ရှူးတစ်ခုနဲ့ မျက်စဉ်းဘူးအ၀ကို သန့်စင်အောင်သုတ်ပေးပါ။ ၈။မျက်စဉ်းဘူးအဖုံးကို ချက်ချင်းတင်းကြပ်စွာပိတ်လိုက်ပါ။
၉။လက်တွင်ပေနေသောဆေးများကို ဖယ်ရှားရန်လက်ဆေးပါ။
၈၃လမ်း၊၃၄လမ်းထောင့်၊မန္တလေးမြို့။
အလှသစ်မျက်စိဆေးခန်းနှင့်မျက်မှန်ဆိုင်။
၀၉-၂၅၉ ၃၆၃ ၀၆၀
ဆီးချိုရောဂါကမျက်စိကိုထိခိုက်စေနိုင်လား???
အပိုင်း ၂။ အတွင်းတိမ်ဖြစ်ခြင်း
မျက်စိအတွင်းမှန်ဘီလူးက သင့်ကိုအရာဝတ္ထုတွေမြင်နိုင်အောင်
ဆုံချက်ကျအောင်ပြုလုပ်ပေးပါတယ်။
အတွင်းတိမ်ကတော့ကြည်လင်နေတဲ့မှန်ဘီလူးနှောက်လာတာကို
ပြောတာပါ။
အတွင်းတိမ်ကလူတိုင်းမှာဖြစ်နိုင်ပေမယ့် ဆီးချိုရောဂါရှိတဲ့သူတွေမှာ
ဖြစ်တာပိုစောပြီး တိမ်ရင့်လာတာလည်းမြန်ပါတယ်။
မှန်ဘီလူးကမကြည်တော့ဘူးဆိုရင် သူ့ရဲ့စွမ်းဆောင်ရည်ကျပြီး
ကြည်ကြည်လင်လင်မမြင်ရတော့ပါဘူး။
အတွင်းတိမ်လက္ခဏာကတော့အမြင်ဝါးခြင်း၊အလင်းစူးခြင်းစတာ
တွေဖြစ်လာတတ်ပါတယ်။
အတွင်းတိမ်ဖြစ်လာရင်တော့ခွဲစိတ်ပြီးမှန်ဘီလူးအစားထိုးလဲလှယ်
ပေးရပါတယ်။
ဆီးချိုရောဂါကမျက်စိကိုထိခိုက်စေနိုင်လား???
ဟုတ်ကဲ့ပါ၊ထိခိုက်စေပါတယ်။
မျက်စိကိုဘယ်လ်ုထိခိုက်နိုင်သလဲ
၁။ အမြင်ဝါးခြင်း
၂။အတွင်းတိမ်ဖြစ်ခြင်း
၃။ရေတိမ်ဖြစ်ခြင်း
၎။မျက်စိအမြင်အာရုံခံအလွှာထိခိုက်ခြင်း တို့ဖြစ်ပါတယ်
၁။အမြင်ဝါးခြင်း
သင့်မျက်စိကကြည့်ရတာဝါးလာတယ်ဆိုပြီးမျက်မှန်အသစ်တစ်စုံချက်ချင်းမလုပ်လိုက်ပါနဲ့ဦး။
ဆီးချိုများတက်နေလားဆိုတာအရင်စမ်းစစ်ကြည့်ပါ။
အချိုဓာတ်များနေတယ်ဆိုရင် မျက်စိတွင်းမှန်ဘီလူးကဖောလာပြီးကြည်ကြည်လင်လင်မမြင်ရတတ်ပါဘူး။
ဒီတော့အချိုဓာတ်ကိုသူ့ပုံမှန်သတ်မှတ်ထားသလောက်ရောက်အောင်ထိန်းနိုင်ရင်တော့ပြန်ပြီးကြည်လင်လာတတ်ပါတယ်။
ဒီလိုပုံမှန်ပြန်ဖြစ်ဖို့က ထိန်းနိုင်တဲ့အပေါ်မူတည်ပြီး ၃ လလောက်ထိကြာနိုင်ပါတယ်။
ဒီတော့ဆီးချိုရှိသူများ အမြင်ဝါးလို့ မျက်စိသွားစစ်ရင် ဆရာဝန်ကို ဆီးချိုရောဂါရှိတဲ့အကြောင်းပြောပြဖို့လိုပါတယ်နော်။
နံပါတ် ၂ ၊ ၃ ၊ ၄၊ နောက်ရက်ဆက်တင်ပေးပါမယ်။
ဆောင်းရာသီတွင်ဖြစ်တတ်သောမျက်စိနှင့်ပတ်သတ်သောပြဿနာများ (၃)
(၃)မျက်စိခြောက်ခြင်း
မပြောမဖြစ်ပြောရမယ့်အကြောင်းလေးပါ
ဆောင်းတွင်းမှာတော့သာမန်အချိန်တွေထက်မျက်စိခြောက်လွယ်ပါတယ်
နဂိုကရင်းမျက်စိခြောက်လို့ကုသမှုခံယူနေသူတွေအတွက်တော့ပိုပြီးဂရုစိုက်ရမယ့်အချိန်ပါနော်
သာမန်လူတွေဆိုလည်းဆောင်းတွင်းကျမှမျက်ရည်တွေကျကျနေတယ်ဆိုတာမျိုးဟာမျက်စိခြောက်တဲ့လက္ခဏာထဲကတစ်ခုပါ
အပြင်ထွက်ရင်လည်းအေးပြီးခြောက်သွေ့တဲ့လေကမိတ်ဆွေတို့အသားအရည်၊နှုတ်ခမ်းအစရှိတာတွေကိုခြောက်သွေ့စေသလိုပဲ မျက်စိကိုလည်းခြောက်သွေ့စေပါတယ်
အိမ်ထဲမှာကွေးနေမယ့်သူတွေကရော TV၊ကွန်ပျူတာ၊ဖုန်းအစရှိတာတွေပိုသုံးဖြစ်မယ် ၊အနွေးဓာတ်ပေးမယ့် heaterတွေဖွင့်ထားမယ်ဆိုရင်တော့မျက်စိခြောက်တာကဖြစ်နိုင်ပါတယ်
ဘယ်လိုကာကွယ်ကြမလဲဆိုရင်တော့ အိမ်ထဲမှာတော့ အနွေးဓာတ်ကိုအများကြီးမတင်ထားပါနဲ့
အခန်းတွင်းရေငွေ့လွှတ်စက်လေးထားမယ်
မကြာခဏမျက်တောင်ခပ်ပေးမယ်
20-20-20 rule ဆိုတဲ့မိနှစ် ၂၀ ကြာအာရုံစိုက်ပြီးရင် စက္ကန့် ၂၀ လောက်အဝေးပေ ၂၀ ကိုကြည့်ပေးတာမျိုးတွေလုပ်ကြည့်လို့ရပါတယ်
အပြင်ထွက်မယ်ဆိုရင်တော့မျက်စိလေတိုးတာသက်သာအောင်မျက်မှန်တပ်သွားတာကောင်းပါတယ်
ဒါနဲ့မှမသက်သာရင်တော့မျက်ရည်တုမျက်စဉ်းလေးတွေသုံးဖို့လိုမလိုမျက်စိဆရာဝန်နဲ့တိုင်ပင်ကြည့်ပါနော်
မျက်စိခြောက်တယ်ဆိုဘယ်လိုတွေခံစားရတယ် ဘာတွေဖြစ်တတ်တယ်ဆိုတာလေးသိခြင်ရင်တော့ဒီ link လေးမှာဝင်ဖတ်ကြည့်လို့ရပါတယ်
ဆောင်းရာသီတွင်ဖြစ်တတ်သောမျက်စိနှင့်ပတ်သတ်သောပြဿနာများ (၁)
မုတ်သုံကနေဆောင်းကိုပြောင်းလာပြီဆိုတော့ ဆောင်းတွင်းမှာဖြစ်တတ်တဲ့မျက်စိနဲ့ဆိုင်တဲ့အကြောင်းလေးတွေရေးပေးမယ်နော်
ဆောင်းတွင်းမှာအပြင်ထွက်ရင်နေရောင်ပိုစူးရှပါတယ်
ဒါကတော့ဒီရာသီမှာကျတတ်တဲ့နှင်းနဲ့တချို့ရေခဲတဲ့နေရာတွေမှာရေခဲမျက်နှာပြင်ကအလင်းထပ်ပြန်စေပါတယ်။ဒါကြောင့်နေရောင်ကမျက်စိထဲကိုအပေါ်ကတိုက်ရိုက်ဖြစ်စေအလင်းပြန်မျက်နှာပြင်တွေကတဆင့်ဖြစ်စေအဖက်ဖက်ကပိုဝင်တဲ့အခါမျက်စိအလင်းစူးပါတယ်။
ဒီတော့မိတ်ဆွေတို့အပြင်ထွက်မယ်ဆိုရင်နေကာမျက်မှန်၊ဦးထုပ်၊ထီးတို့အကာအကွယ်နဲ့ထွက်သင့်ပါတယ်နော်။
နေကာဆိုရင်လည်း UV ကိုအပြည့်ကာတဲ့အရည်အသွေးကောင်းတဲ့နေကာမျိုးတပ်သင့်ပါတယ်။
ဘာလို့မျက်စိကိုကာကွယ်ခိုင်းနေရသလဲဆိုတော့နေရောင်ခြည်က ခရမ်းလွန်ရောင်ခြည်နဲ့ အန္တရာယ်ရှိတဲ့အပြာရောင်အလင်းတွေကမျက်စိအတွက်ဆိုးကျိုးတွေရှိတတ်လို့ပါနော်။ အပြင်တိမ်၊အတွင်းတိမ်နဲ့ အမြင်အာရုံလွှာပျက်စီးစေနိုင်တဲ့အထိဆိုးကျိုးပေးတဲ့နေရောင်ကိုတတ်နိုင်သလောက်ကာကွယ်ကြရအောင်နော်။
နေရောင်ရဲ့အန္တရာယ်အကြောင်းမဖတ်ရသေးတဲ့သူများအတွက်ဒီ link ကလေးနှိပ်ပြီးဖတ်ကြည့်လို့ရပါတယ်
နေရောင်ခြည်၏အန္တရာယ်
https://eyecare.ahlathit.com/effect-of-sun-to-eye/#
မျက်စိထိခိုက်စေနိုင်သောအလင်းရောင်
https://eyecare.ahlathit.com/hev-rays/
အလှသစ်မျက်စိဆေးခန်းနှင့်မျက်မှန်ဆိုင်
၈၃ လမ်း၃၄လမ်းထောင့်၊မန္တလေး၊
☎️၀၉-၂၅၉၃၆၃၀၆၀
မျက်စိခြောက်ခြင်း
ဆေးခန်းမှာအတွေ့ရများနေလို့ မျက်စိခြောက်ခြင်းနှင့်ပတ်သက်ပြီး
အနည်းအကျဉ်းလေးပြောပြချင်ပါတယ်။
မျက်စိခြောက်ခြင်းဆိုတာ မျက်ကြည်လွှာနဲ့မျက်သားတွေမှာအစိုဓာတ်
နည်းသွားတာပါ။
? လက္ခဏာများ
?
? မျက်စိပူခြင်း ၊ စပ်ခြင်း ၊ ယားခြင်း ၊ နီခြင်း ၊ ညောင်းခြင်း ၊ခိုးလို့ခုလုဖြစ်ခြင်း ၊ မျက်ဝတ်ကပ်နေသလိုခံစားရခြင်း ၊ အလင်းစူးမခံနိုင်ခြင်း နှင့် မျက်ရည်ပူကျခြင်း တို့သည် မျက်စိခြောက်
ခြင်း၏ လက္ခဏာများ ဖြစ်သည်။
?အဖြစ်များသောအကြောင်းအရင်းများ
?
=> Computer, Phone screen ကြာရှည်စွာကြည့်ခြင်း
=> ခြောက်သွေ့သောရာသီဥတု နှင့် လေအေးပေးစက် လေနှင့် မျက်လုံးတိုက်ရိုက်ထိတွေ့ခြင်း
=> မျက်ကပ်မှန်တပ်ခြင်း
=> အသက်အရွယ်ကြီးရင်မှု
=> ဆီးချို ၊ အဆစ်အမြစ် နှင့် အခြားသော ရောဂါများ ကြောင့်
မျက်စိခြောက်ခြင်းဖြစ်စေနိုင်သည်။
✅လိုက်နာသင့်သောအချက်များ
✅
? အပြင်ထွက်လျှင်နေကာမျက်မှန် (သို့မဟုတ်) ပါဝါမျက်မှန်တပ်ခြင်း
? အာဟာရမျှတအောင်စားသောက်ခြင်း (omega-3, ဗီတာမင် – A, D3, E)
? ရေကိုတရက် ၈-၁၀ ခွက်သောက်ပေးခြင်း
? (Humidifier) ရေငွေ့လွှတ်စက်ထားရှိခြင်း
? မျက်ရည်တုသုံးခြင်း
? 20-20-20 rule ကျင့်သုံးခြင်း (phone, computer, tv screen ကို
မိနစ် ၂၀ ကြည့်ပြီးတိုင်း အဝေးပေ ၂၀ ခန့်ကိုစက္ကန့် ၂၀ ကြာကြည့်ပေး
ခြင်းနှင့်
? မျက်တောင်မကြာခဏခပ်ပေးခြင်း တို့ကိုလိုက်နာသင့်သည်။
? ရှောင်ရန်အချက်များ
?
? မလိုအပ်ပဲမျက်ကပ်မှန်ကြာရှည်စွာတပ်ခြင်း
? Computer, Phone screen များအချိန်ကြာကြာကြည့်ခြင်း
? ခြောက်သွေ့သောရာသီဥတု၊ (air cond) လေအေးပေးစက် လေနှင့် မျက်လုံးတိုက်ရိုက်ထိတွေ့ခြင်း
? မျက်စိဝေဒနာ တခုခုဖြစ်လာလျှင် ပေါ့ဆခြင်း နှင့်
? ဆေးလိပ်သောက်ခြင်း တို့ကိုရှောင်ကြဉ်ပါ။
❤️ ကုသနည်းများ
❤️
? အကြောင်းအရင်းပေါ်မူတည်ပြီးကုသရသဖြင့်ဆရာဝန်နှင့်ပြသတိုင်ပင်ကာ ဆောင်ရန်၊
ရှောင်ရန်တို့ကိုလိုက်နာသင့်သည်။
Ps: လိုအပ်တဲ့အချက်လေးတွေရှိ၇င်လည်းဖြည့်ပေးကြပါနော်
၈၃လမ်း၊၃၄လမ်းထောင့်၊မန္တလေးမြို့။
အလှသစ်မျက်စိဆေးခန်းနှင့်မျက်မှန်ဆိုင်။
၀၉-၂၅၉ ၃၆၃ ၀၆၀ သို့ဆက်သွယ်ပြီး ကြိုတင် Booking လုပ်ထားနိုင်ပါပြီ။
မျက်စိကျိန်းနေလျှင် လိုက်နာသင့်သောအချက်များ
မျက်စိကို လက်ဖြင့် မပွတ်ရ
?ယားလျှင်နေရခက်လျှင် အဝတ်သန့်ကို
ရေအေးစွတ်၍ မျက်စိပေါ်မှ အုပ်ပေးပါ
??လက်ကို မကြာခဏဆေးကြောပါ
⛔️ မျက်နှာသုတ်ပုဝါ မျက်စိသုတ်သော အဝတ်ကို တပါးသူနှင့် မျှမသုံးရ
?ဖုန်ထူသောနေရာများကို ရှောင်ကြဉ်ပါ မလွှဲသာ၍သွားရလျှင် မျက်မှန်တပ်ခြင်း
မျက်စိဆေးရည်ဖြင့် ဆေးကြောခြင်းများ ပြုလုပ်ပါ
?ဆိုင်ကယ်မောင်းလျှင် ရှေ့နေကာမှန်ချ၍
မောင်းခြင်းဖြင့် ဖုန်ဝင်ခြင်းကို လျော့ချနိုင်ပါသည်
??⚕️ဆရာဝန်ပေးသော ဆေးကို အချိန်မှန် သုံးပါ
? ပြင်ပမှ ဆေးဝယ်သုံးလျှင် steroid ပါဝင်သော ဆေးများကို ဆရာဝန် ညွှန်ကြားချက်မပါပဲ မသုံးဆွဲသင့်ပါ
?ဆရာဝန်ပြပြီးသော်လည်း မသက်သာလျှင်
ပိုယောင်ယမ်းလာလျှင် မျက်စိ အလင်းစူးလျှင် မျက်စိဝါးလာလျှင် နာကျင်လာလျှင် မျက်ဝတ်အဖြူအစိမ်းများ ထွက်လျှင် ဆေးခန်းပြန်ပြပါ
၈၃လမ်း၊၃၄လမ်းထောင့်၊မန္တလေးမြို့။
အလှသစ်မျက်စိဆေးခန်းနှင့်မျက်မှန်ဆိုင်။
၀၉-၂၅၉ ၃၆၃ ၀၆၀ သို့ဆက်သွယ်ပြီး ကြိုတင် booking လုပ်ထားနိုင်
ပါပြီ။
မျက်စိနာခြင်းအကြောင်းသိကောင်းစရာ
မျက်စိရောဂါသည် ယခုကဲ့သို့သော ရာသီအကူးအပြောင်းကာလများတွင် အဖြစ်များသည်။Bacteria , virus ,ဓာတ်မတည့်ခြင်းကြောင့်ဖြစ်နိုင်ပြီး လက္ခဏာများအနည်းငယ် ကွဲပြားသည်။
-မျက်စိနီခြင်း
-မျက်စိနာခြင်း
-မျက်စိခိုးလိုးခုလုဖြစ်ခြင်း
-မျက်ဝတ်ထွက်မျက်ရည်ပူကျခြင်း
-မျက်လုံးယောင်ခြင်း
-အလင်းရောင်ကောင်းစွာမကြည့်နိုင်ခြင်း
အထက်ပါလက္ခဏာများဖြစ်လာပါက မျက်စိဆရာဝန်နှင့် စောလျင်စွာပြသပြီးထိရောက်သော ကုသမှုကိုယူသင့်ပါသည်။
၈၃လမ်း၊၃၄လမ်းထောင့်၊မန္တလေးမြို့။
အလှသစ်မျက်စိဆေးခန်းနှင့်မျက်မှန်ဆိုင်။
၀၉-၂၅၉ ၃၆၃ ၀၆၀ သို့ဆက်သွယ်ပြီးကြိုတင် booking လုပ်ထားနိုင်ပါပြီ။